zawgyi
ျမန္မာ့အေျပာင္းအလဲ ကို “စစ္အာဏာသိမ္းျခင္း” အျဖစ္ အေမရိကန္ သတ္မွတ္လိုက္ၿပီ
ျမန္မာႏိုင္ငံမွာ စစ္တပ္က အာဏာရယူမႈကို စစ္အာဏာသိမ္းမႈ အျဖစ္ အေမရိကန္ ႏိုင္ငံျခားေရး ဝန္ႀကီးဌာနက တရားဝင္ ေၾကညာလိုက္ပါၿပီ။
အခ်က္အလက္ အေျခအေနေတြကို အေသအခ်ာ ဆန္းစစ္ သုံးသပ္ၿပီးေနာက္ ေဖေဖာ္ဝါရီလ ၁ ရက္ေန႔မွာ စစ္တပ္က အာဏာသိမ္းၿပီး အာဏာရပါတီ ေခါင္းေဆာင္ ေဒၚေအာင္ဆန္းစုၾကည္၊ ေနာက္ ေ႐ြးေကာက္ခံ အစိုးရ အႀကီးအကဲ ဦးဝင္းျမင့္တို႔ကို ျဖဳတ္ခ်မႈလို႔ သတ္မွတ္ေၾကာင္း အေမရိကန္ ႏိုင္ငံျခားေရး ဝန္ႀကီးဌာန တာဝန္ရွိသူ တဦးက အေမရိကန္ စံေတာ္ခ်ိန္ အဂၤါေန႔ မၾကာခင္ကဘဲ ေျပာဆိုခဲ့ပါတယ္။ ျမန္မာ စစ္တပ္က ထိပ္တန္း ႏိုင္ငံေရး သမားေတြကို ဖမ္းဆီးၿပီး အာဏာထိန္းခ်ဳပ္ၿပီး ေနာက္တေန႔မွာဘဲ ဒီေၾကညာခ်က္ ထြက္လာတာပါ။
စစ္အာဏာသိမ္းမႈ သတ္မွတ္ခ်က္ေၾကာင့္ အစိုးရ အတြက္ ႏိုင္ငံတကာ အေထာက္အပံ့ေတြကို ကန႔္သတ္တာမ်ိဳး၊ ေနာက္ တာဝန္ရွိသူေတြကို အေမရိကန္က အေရးယူတာမ်ိဳးေတြ ျဖစ္လာမယ္လို႔ အေမရိကန္ ႏိုင္ငံျခားေရး ဌာန တာဝန္ရွိသူက ေျပာပါတယ္။
unicode
မြန်မာ့အပြောင်းအလဲ ကို “စစ်အာဏာသိမ်းခြင်း” အဖြစ် အမေရိကန် သတ်မှတ်လိုက်ပြီ
မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာရယူမှုကို စစ်အာဏာသိမ်းမှု အဖြစ် အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာနက တရားဝင် ကြေညာလိုက်ပါပြီ။
အချက်အလက် အခြေအနေတွေကို အသေအချာ ဆန်းစစ် သုံးသပ်ပြီးနောက် ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ စစ်တပ်က အာဏာသိမ်းပြီး အာဏာရပါတီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၊ နောက် ရွေးကောက်ခံ အစိုးရ အကြီးအကဲ ဦးဝင်းမြင့်တို့ကို ဖြုတ်ချမှုလို့ သတ်မှတ်ကြောင်း အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာန တာဝန်ရှိသူ တဦးက အမေရိကန် စံတော်ချိန် အင်္ဂါနေ့ မကြာခင်ကဘဲ ပြောဆိုခဲ့ပါတယ်။ မြန်မာ စစ်တပ်က ထိပ်တန်း နိုင်ငံရေး သမားတွေကို ဖမ်းဆီးပြီး အာဏာထိန်းချုပ်ပြီး နောက်တနေ့မှာဘဲ ဒီကြေညာချက် ထွက်လာတာပါ။
စစ်အာဏာသိမ်းမှု သတ်မှတ်ချက်ကြောင့် အစိုးရ အတွက် နိုင်ငံတကာ အထောက်အပံ့တွေကို ကန့်သတ်တာမျိုး၊ နောက် တာဝန်ရှိသူတွေကို အမေရိကန်က အရေးယူတာမျိုးတွေ ဖြစ်လာမယ်လို့ အမေရိကန် နိုင်ငံခြားရေး ဌာန တာဝန်ရှိသူက ပြောပါတယ်။