ဆရာစံဇာဏီဘို၏ ဒေါ်အောင်ဆန်းစုကြည် ဇာတာခွင်ဟောစာတမ်း
၈ရက်နေ့ ကျော်လွှားခဲ့ပါပြီ
၉ရက်နေ့မှာ အထူးသတိရှိရပါမယ်
၁၀၊
၁၁၊၁၂ သုံးရက်မှာ ဂြိုလ်၆လုံးပေါင်းဆုံပါမယ်
တနည်း အင်အားတွေစုစည်းမိပါမယ်
ဂြိုလ်ပေါင်းစည်းမှုမှာ အင်္ဂါဂြိုလ်ဟာ သီးသန့်ဖယ်ခွာနေပါတယ်
၁၃မှာ သတိပြန်ထားရပါမယ် နောက်ပိုင်းမှာ ဆွေးနွေးတာတွေ ညှိနှိုင်းတာတွေရှိလာပါမယ်
ခေါင်းဆောင်ရဲ့ကံတရားမှာ ဗုဒ္ဓဟူးဂြိုလ်ဟာ ပြောင်းပြန်လှည့်ပတ်နေတာကြောင့် February 21ထိ စွပ်စွဲခံရခြင်းရန်ရှာခံရခြင်းတို့ရှိနေပါတယ်
တဖက်က ဒီအချိန်ကို သေချာအကွက်ချစီစဉ်တယ်လို့ ယူဆရပါတယ်
၂၁ရက်နောက်ပိုင်းမှာတော့ ဂြိုလ်လမ်းကြောင်းအတည့်ပြန်ဖြစ်ပါမယ် ဘယ်သူမှတားမရအောင် ထိပ်ဆုံးရောက်ပါမယ်
ကံတရားအထောက်အပံ့အတွက် သောကြာနံ
(သပြေပန်း၊သစ္စာပန်းတို့)ကပ်လှူပြီး ခေါင်းဆောင်လွတ်မြောက်စေရန် တိုင်းပြည်အေးချမ်းစေရန် ဆုတောင်းရပါမယ်
လက်ရှိအနေအထားအရ သံပုံးတီးနေတာဟာလည်း သောကြာနံဖြစ်လို့ မထင်မှတ်ဘဲ အင်မတန်အားဖြစ်စရာဖြစ်နေပါတယ်၊ ညစဉ် သံပုံးတီးရင်း အမေစုအတွက်ဆုတောင်းပေးနေလို့ရပါတယ်။
အနှစ်ချူပ်ရင် ၈ရက်၊၉ရက် နှစ်ရက်မှာ တောင့်ခံမယ်
၁၀၊၁၁၊၁၂ မှာ အင်အားတွေပေါင်းစုံမယ်
၁၃မှာ တစ်ချက်သတိထားပါ
ဘုရားမှာသောကြာနံ ကပ်လှူပြီး
ခေါင်းဆောင်အတွက်ဆုတောင်းပါ။
အမေစုကျန်းမာချမ်းသာဘုန်းကြီးပါစေ
မြန်မာပြည်ငြိမ်းချမ်းပါစေ။
စံဇာဏီဘို
မျှဝေပါ။
creditမလို
share မလုပ်ပါနှင့်
(9.2.21)