• Home
  • About Us
  • Blog
  • Contact
Kingdom of news
  • Sport
  • Entertainment
  • Breaking News
  • Technology
  • Celebrity
  • Health
  • Game
  • Knowledge
  • Travel
  • Politics
  • Business
No Result
View All Result
  • Sport
  • Entertainment
  • Breaking News
  • Technology
  • Celebrity
  • Health
  • Game
  • Knowledge
  • Travel
  • Politics
  • Business
No Result
View All Result
Kingdom of news
No Result
View All Result
Home Breaking News

“အမေရိကန်အစိုးရရဲ့ အရေးယူ ပိတ်ဆို့မှု စာရင်းမှာ 7th Sense နဲ့ Media 7 တို့ ပါဝင်”

pyae phyo aung by pyae phyo aung
February 12, 2021
in Breaking News
0
“အမေရိကန်အစိုးရရဲ့ အရေးယူ ပိတ်ဆို့မှု စာရင်းမှာ 7th Sense နဲ့ Media 7 တို့ ပါဝင်”
0
SHARES
204
VIEWS
Share on FacebookShare on Twitter

အမေရိကန်အစိုးရရဲ့ အရေးယူ ပိတ်ဆို့မှု စာရင်းမှာ 7th Sense နဲ့ Media 7 တို့ ပါဝင်

အမေရိကန်အစိုးရရဲ့ ပိတ်ဆို့ အရေးယူတဲ့ စာရင်းထဲမှာ အာဏာ သိမ်း မြန်မာ့တပ်မတော် စစ်ခေါင်းဆောင်ရဲ့ မိသားစုဝင်တွေရဲ့ စီးပွားရေး လုပ်ငန်းတွေနဲ့ စီးပွားရေး တွဲဖက် လုပ်ကိုင်နေသူတွေရဲ့ အမည်စာရင်းတွေကို ထုတ်ပြန် ကြေညာထားပါတယ်။

အဆိုပါ စာရင်းထဲမှာ 7th Sense ရုပ်ရှင်ထုတ်လုပ်ရေးနဲ့ Stellar Seven ကုမ္ပဏီ လိမိတက် အပါအဝင် ကိုဝေမင်းမောင် ဦးစီးတဲ့ Myanmar Media 7 ကုမ္ပဏီတို့ ပါဝင်တာ တွေ့ရပါတယ်။

Myanmar Media 7 ကုမ္ပဏီဟာ ဆယ်စုနှစ် တစုကျော်ကြာ ရပ်တည် လုပ်ကိုင်ခဲ့တဲ့ ကုမ္ပဏီဖြစ်ပြီး ကိုဝေမင်းမောင်နှင့် ကိုနိုင်ဖြိုးကျော်တို့ သူငယ်ချင်း နှစ်ဦး ဦးစီး လုပ်ကိုင်တယ်လို့ သိရပါတယ်။ ၎င်းတို့ ကုမ္ပဏီအနေနဲ့ နိုင်ငံရေးနဲ့ ပတ်သက်သည်များကို မဖော်ပြခဲ့ဖူးဘဲ ဖျော်ဖြေရေး သက်သက်ကိုသာ ရိုက်ကူး တင်ဆက်ခဲ့ခြင်းဖြစ်တယ်လို့ ဆိုပါတယ်။

Myanmar Media 7 နှင့် ကျနော်တို့ ဦးဆောင်တဲ့ Media လုပ်ငန်းတိုင်း တခါမှ နိုင်ငံရေးနှင့်ပတ်သတ်ပြီး မဖော်ပြဖူးသလို ဖျော်ဖြေရေးသက်သက်ကိုသာ ရိုက်ကူးတင်ဆက်ခဲ့ပါတယ်”

မြန်မာစစ်တပ် အာဏာသိမ်းခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ သမီးဖြစ်သူ ခင်သီရိသက်မွန် ပိုင်ဆိုင်တဲ့ 7th Sense ရုပ်ရှင်ထုတ်လုပ်ရေးကတော့ ရုပ်ရှင်ဇာတ်ကားပေါင်းများစွာကို ဖြန့်ချိ ထုတ်လုပ်ခဲ့ပြီး၊ Stellar Seven ကုမ္ပဏီကတော့ အနုပညာနဲ့ ပတ်သက်တဲ့ လုပ်ငန်းများကို လုပ်ကိုင်တဲ့ ကုမ္ပဏီ တခုပဲ ဖြစ်ပါတယ်။

အမေရိကန်အစိုးရရဲ့ ပိတ်ဆို့အရေးယူတဲ့စာရင်းထဲမှာ အာဏာ သိမ်းစစ်ခေါင်းဆောင်ရဲ့ မိသားစုဝင်တွေနဲ့ တွဲဖက်ပြီး စီးပွါးရေးလုပ်ကိုင်တဲ့သူတွေရဲ့ အမည်စာရင်းတွေကိုပါ ကြေညာထားပါတယ်။ အဲဒီအထဲမှာ 7th Sense ရုပ်ရှင်ထုတ်လုပ်ရေးမှာ ပါဝင်တဲ့ အာဏာသိမ်းစစ်ခေါင်းဆောင်ရဲ့သမီး ခင်သီရိသက်မွန်၊ ကိုနိုင်ဖြိုးကျော် (ခ) ကိုကိုနိုင်၊ ကိုဝေမင်းမောင် (Myanmar Media 7)တို့ကိုပါ ထည့်သွင်းထားတာဖြစ်ပါတယ်။

Myanmar Media 7 နဲ့ 7th Sense တို့ဟာ ၂၀၁၃-၁၄လောက်စပြီး အနုပညာလောကထဲ ဝင်ရောက်လာကာ ရုပ်ရှင်ရိုက်ကူးထုတ်လုပ်ဖြန့်ချိရေးတွေမှာ ငွေပေါင်းများစွာ အကုန်ကျခံပြီး လုပ်ကိုင်လာတာဖြစ်ပါတယ်။

မီဒီယာကို မီဒီယာနဲ့တိုက်ဖို့အတွက် ရုပ်ရှင်နဲ့မီဒီယာလောကမှာ ခြေကုတ်ယူပြီး ၂၀၁၈ခုနှစ်ကစလို့ ရုပ်သံလိုင်းတွေနဲ့ပူးပေါင်းကာ ရုပ်သံအစီအစဉ်တွေ ရိုက်ကူးထုတ်လုပ်တာကနေ ဒီနှစ် ဇန်နဝါရီလ (၁)ရက်မှာလည်း OU Streaming App ကို စတင်ပြီး ရုပ်ရှင်ဇာတ်ကားပေါင်းများစွာကို အခမဲ့ပြသနေတဲ့လုပ်ငန်းကိုလည်း ပိုင်ဆိုင်ထားပါတယ်။

Credit – Irrawaddy Life Style & ကမာရွတ်မီဒီယာ

Share on your social media
Previous Post

“လူငယ်ဗေဒင်ဆရာ တစ်ဦးကို ညအချိန်မတော်ဝင်ဖမ်းလို့ ရပ်ကွက်နေသူတွေ ဆန္ဒပြ”

Next Post

“ဦးခေါင်းကိုကျည်ထိမှန်ခဲ့တဲ့ မမြသွဲ့သွဲ့ခိုင် ကွယ်လွန်”

Related Posts

မြန်မာ့အရေး အာဆီယံစည်းဝေးပွဲ မကြာခင် ကျင်းပမည်
Breaking News

မြန်မာ့အရေး အာဆီယံစည်းဝေးပွဲ မကြာခင် ကျင်းပမည်

April 5, 2021
CNN နဲ့ စကားပြောလို့ ဖမ်းဆီးခံရသူ ၁၁ ဦး ပြန်လွတ်လာ
Breaking News

CNN နဲ့ စကားပြောလို့ ဖမ်းဆီးခံရသူ ၁၁ ဦး ပြန်လွတ်လာ

April 5, 2021
ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ ဆုံးဖြတ်ချက် ထုတ်ပြန်
Breaking News

ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ ဆုံးဖြတ်ချက် ထုတ်ပြန်

April 2, 2021
Next Post
“ဦးခေါင်းကိုကျည်ထိမှန်ခဲ့တဲ့ မမြသွဲ့သွဲ့ခိုင် ကွယ်လွန်”

"ဦးခေါင်းကိုကျည်ထိမှန်ခဲ့တဲ့ မမြသွဲ့သွဲ့ခိုင် ကွယ်လွန်"

Like Our FB Page To See More News And Articles

Recent Posts

ထိုင်း-မြန်မာနယ်စပ် ကရင်စစ်ဘေးရှောင်များများကို ကူညီပေးမည့် ထောက် ပံ့ရေးပစ္စည်းများအား ယနေ့ဧပြီလ ၅ ရက် နံနက်ပိုင်းတွင် ထိုင်းအစိုးရက သယ်ဆောင်ခွင့်ပြုလိုက်သည်။

ထိုင်း-မြန်မာနယ်စပ် ကရင်စစ်ဘေးရှောင်များများကို ကူညီပေးမည့် ထောက် ပံ့ရေးပစ္စည်းများအား ယနေ့ဧပြီလ ၅ ရက် နံနက်ပိုင်းတွင် ထိုင်းအစိုးရက သယ်ဆောင်ခွင့်ပြုလိုက်သည်။

April 5, 2021
မြန်မာ့အရေး အာဆီယံစည်းဝေးပွဲ မကြာခင် ကျင်းပမည်

မြန်မာ့အရေး အာဆီယံစည်းဝေးပွဲ မကြာခင် ကျင်းပမည်

April 5, 2021
CNN နဲ့ စကားပြောလို့ ဖမ်းဆီးခံရသူ ၁၁ ဦး ပြန်လွတ်လာ

CNN နဲ့ စကားပြောလို့ ဖမ်းဆီးခံရသူ ၁၁ ဦး ပြန်လွတ်လာ

April 5, 2021
Privacy Policy
  • Home
  • About Us
  • Blog
  • Contact

© 2021 JNews - Premium WordPress news & magazine theme by Jegtheme.

No Result
View All Result
  • Sport
  • Entertainment
  • Breaking News
  • Technology
  • Celebrity
  • Health
  • Game
  • Knowledge
  • Travel
  • Politics
  • Business

© 2021 JNews - Premium WordPress news & magazine theme by Jegtheme.

Welcome Back!

Login to your account below

Forgotten Password?

Create New Account!

Fill the forms below to register

All fields are required. Log In

Retrieve your password

Please enter your username or email address to reset your password.

Log In

Add New Playlist