• Home
  • About Us
  • Blog
  • Contact
Kingdom of news
  • Sport
  • Entertainment
  • Breaking News
  • Technology
  • Celebrity
  • Health
  • Game
  • Knowledge
  • Travel
  • Politics
  • Business
No Result
View All Result
  • Sport
  • Entertainment
  • Breaking News
  • Technology
  • Celebrity
  • Health
  • Game
  • Knowledge
  • Travel
  • Politics
  • Business
No Result
View All Result
Kingdom of news
No Result
View All Result
Home Myanmar News

ပြည်သူတစ်ရပ်လုံးအတွက် လူသားချင်းစာနာမှု အကူအညီတွေ ရအောင်လုပ်မယ်လို့ CRPH ပြော

MTK by MTK
March 31, 2021
in Myanmar News
0
ပြည်သူတစ်ရပ်လုံးအတွက် လူသားချင်းစာနာမှု အကူအညီတွေ ရအောင်လုပ်မယ်လို့ CRPH ပြော
0
SHARES
12
VIEWS
Share on FacebookShare on Twitter

ပြည်သူတစ်ရပ်လုံးအတွက် လူသားချင်းစာနာမှု အကူအညီတွေ ရအောင်လုပ်မယ်လို့ CRPH ပြော

■ တစ်နိုင်ငံလုံးမှာရှိတဲ့ တိုင်းရင်းသားပြည်သူလူထု တစ်ရပ်လုံးရဲ့ အသက်အိုးအိမ်၊ စည်းစိမ်တွေကို အာဏာသိမ်းစစ်ကောင်စီက လက်နက်အားကိုးနဲ့ အနိုင်ကျင့် ဖျက်ဆီးနေတာကြောင့်၊ ပြည်သူအားလုံးအတွက် လူသားချင်းစာနာမှု အကူအညီတွေရအောင် နည်းလမ်းမျိုးစုံသုံးပြီး ဆောင်ရွက်သွားမယ့်အကြောင်း ပြည်ထောင်စု လွှတ်တော်ကိုယ်စားပြုကော်မတီ CRPH က ဒီကနေ့ မတ်လ ၃၀ ရက်နေ့မှာ ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။

အကြမ်းဖက် စစ်ကောင်စီဟာ ကရင်အမျိုးသားအစည်းအရုံး KNU၊ ကချင်လွတ်မြောက်ရေးတပ်မတော် KIA စတဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေရဲ့ နယ်မြေတွေမှာ လေကြောင်းတိုက်ခိုက်မှုတွေ လုပ်နေတာကြောင့် အကာအကွယ်မဲ့နေတဲ့ တိုင်းရင်းသားပြည်သူတွေဟာ ထိုင်းနယ်စပ်ကို ထွက်ပြေးတိမ်းရှောင်ကြရတယ်လို့ CRPH က ဆိုပါတယ်။

အကြမ်းဖက်စစ်ကောင်စီနဲ့ စစ်ကောင်စီရဲ့ လက်ပါးစေတွေဟာ တိုင်းရင်းသားဒေသတွေမှာ စစ်ရာဇဝတ်မှုတွေကို ဆယ်စုနှစ်များစွာ ကျူးလွန်နေမှု၊ အခုလက်ရှိ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်နေမှုတွေဟာ လူသားမဆန်တဲ့လုပ်ရပ်ဖြစ်တယ်လို့ CRPH က ပြောပါတယ်။

CRPH အနေနဲ့ တစ်နိုင်ငံလုံးမှာရှိတဲ့ တိုင်းရင်းသားပြည်သူလူထုတစ်ရပ်လုံးရဲ့ အသက်အိုးအိမ်စည်းစိမ်ကို အကာအကွယ်ပေးနိုင်ဖို့နဲ့ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီတွေရရှိရေးကို နည်းလမ်းပေါင်းစုံနဲ့ ကြိုးစားသွားမယ့်အကြောင်း CRPH ကြေညာချက်မှာ ဖေါ်ပြထားပါတယ်။

မတ်လ ၂၉ ရက်နေ့ထုတ် ဘန်ကောက်ပို့စ် သတင်းစာမှာ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ကရင်ပြည်နယ်က ဒေသခံရွာသား ၃၀၀၀ လောက် ထိုင်းနယ်စပ်ကို မတ်လ ၂၈ ရက်နေ့က ထွက်ပြေးတိမ်းရှောင်လာတယ်လို့ ဖေါ်ပြခဲ့ပါတယ်။

KIC ကရင်သတင်းစဉ်ကတော့ မတ် ၂၇ ရက်နဲ့ ၂၈ ရက်နေ့တွေမှာ စစ်ကောင်စီတပ်တွေက ကေအန်ယူ ထိန်းချုပ်နယ်မြေတွေဖြစ်တဲ့ ဒေပူနို၊ တနေးလူတောင်ကုန်း၊ ကလိုဘောထာ၊ မောယူနီ၊ သယ်ဘိုးပလော၊ သီးကောထာနဲ့ ဟိုကေ စတဲ့ ကျေးရွာ ၇ ရွာကို ဗုံးကြဲတိုက်ခိုက်တာကြောင့် ဒေသခံရွာသား တစ်သောင်းကျော် ထိုင်းနယ်စပ်ကို ထွက်ပြေးတိမ်းရှောင်သွားကြောင်း ဖေါ်ပြထားပါတယ်။

Source – RFA

Share on your social media
Previous Post

“မြန်မာစစ်ကောင်စီကို ICC မှာတရားစွဲ ဆိုဖို့ လုပ်ဆောင်မည့် ဒေါက်တာဆာဆာ”

Next Post

စစ်အာဏာသိမ်း ဆန့်ကျင်ရေး ဆန္ဒပြပွဲတွေ အတွင်း သေဆုံးရသူ ၅၂၁ ဦး ရှိနေပါပြီ

Related Posts

ထိုင်း-မြန်မာနယ်စပ် ကရင်စစ်ဘေးရှောင်များများကို ကူညီပေးမည့် ထောက် ပံ့ရေးပစ္စည်းများအား ယနေ့ဧပြီလ ၅ ရက် နံနက်ပိုင်းတွင် ထိုင်းအစိုးရက သယ်ဆောင်ခွင့်ပြုလိုက်သည်။
Myanmar News

ထိုင်း-မြန်မာနယ်စပ် ကရင်စစ်ဘေးရှောင်များများကို ကူညီပေးမည့် ထောက် ပံ့ရေးပစ္စည်းများအား ယနေ့ဧပြီလ ၅ ရက် နံနက်ပိုင်းတွင် ထိုင်းအစိုးရက သယ်ဆောင်ခွင့်ပြုလိုက်သည်။

April 5, 2021
နတ်မောက်မြို့နယ်မှာ အာဏာသိမ်းစစ်ကောင်စီအား အလိုမရှိကြောင်း ဆန္ဒပြ
Myanmar News

နတ်မောက်မြို့နယ်မှာ အာဏာသိမ်းစစ်ကောင်စီအား အလိုမရှိကြောင်း ဆန္ဒပြ

March 31, 2021
CNN သတင်းထောက်အဖွဲ့ ရန်ကင်းလမ်းမကြီး မြမာလာပန်းခြံအနီးတွင် စစ်ကောင်စီ လုံခြုံရေး ယဉ်တန်း အများအပြားဖြင့် သတင်းယူနေ
Myanmar News

CNN သတင်းထောက်အဖွဲ့ ရန်ကင်းလမ်းမကြီး မြမာလာပန်းခြံအနီးတွင် စစ်ကောင်စီ လုံခြုံရေး ယဉ်တန်း အများအပြားဖြင့် သတင်းယူနေ

March 31, 2021
Next Post
စစ်အာဏာသိမ်း ဆန့်ကျင်ရေး ဆန္ဒပြပွဲတွေ အတွင်း သေဆုံးရသူ ၅၂၁ ဦး ရှိနေပါပြီ

စစ်အာဏာသိမ်း ဆန့်ကျင်ရေး ဆန္ဒပြပွဲတွေ အတွင်း သေဆုံးရသူ ၅၂၁ ဦး ရှိနေပါပြီ

Like Our FB Page To See More News And Articles

Recent Posts

ထိုင်း-မြန်မာနယ်စပ် ကရင်စစ်ဘေးရှောင်များများကို ကူညီပေးမည့် ထောက် ပံ့ရေးပစ္စည်းများအား ယနေ့ဧပြီလ ၅ ရက် နံနက်ပိုင်းတွင် ထိုင်းအစိုးရက သယ်ဆောင်ခွင့်ပြုလိုက်သည်။

ထိုင်း-မြန်မာနယ်စပ် ကရင်စစ်ဘေးရှောင်များများကို ကူညီပေးမည့် ထောက် ပံ့ရေးပစ္စည်းများအား ယနေ့ဧပြီလ ၅ ရက် နံနက်ပိုင်းတွင် ထိုင်းအစိုးရက သယ်ဆောင်ခွင့်ပြုလိုက်သည်။

April 5, 2021
မြန်မာ့အရေး အာဆီယံစည်းဝေးပွဲ မကြာခင် ကျင်းပမည်

မြန်မာ့အရေး အာဆီယံစည်းဝေးပွဲ မကြာခင် ကျင်းပမည်

April 5, 2021
CNN နဲ့ စကားပြောလို့ ဖမ်းဆီးခံရသူ ၁၁ ဦး ပြန်လွတ်လာ

CNN နဲ့ စကားပြောလို့ ဖမ်းဆီးခံရသူ ၁၁ ဦး ပြန်လွတ်လာ

April 5, 2021
Privacy Policy
  • Home
  • About Us
  • Blog
  • Contact

© 2021 JNews - Premium WordPress news & magazine theme by Jegtheme.

No Result
View All Result
  • Sport
  • Entertainment
  • Breaking News
  • Technology
  • Celebrity
  • Health
  • Game
  • Knowledge
  • Travel
  • Politics
  • Business

© 2021 JNews - Premium WordPress news & magazine theme by Jegtheme.

Welcome Back!

Login to your account below

Forgotten Password?

Create New Account!

Fill the forms below to register

All fields are required. Log In

Retrieve your password

Please enter your username or email address to reset your password.

Log In

Add New Playlist